MBA logo

မြန်မာနိုင်ငံဘဏ်များအသင်း၏(၁၇၄)ကြိမ်မြောက်အမှုဆောင်အဖွဲ့ အစည်းအဝေးကျင်းပ

မြန်မာနိုင်ငံဘဏ်များအသင်း၏(၁၇၄)ကြိမ်မြောက် အမှုဆောင်အဖွဲ့ အစည်းအဝေးကို နိုဝင်ဘာလ (၂၄) ရက်၊ မွန်းလွဲ(၂)နာရီက ရန်ကင်းမြို့နယ်၊ စည်ပင်လမ်းသစ်၊ အမှတ်(၂)ရှိ မြန်မာနိုင်ငံဘဏ်များအသင်း ဒါရိုက်တာအဖွဲ့အစည်းအဝေးခန်းမတွင် ကျင်းပရာ

Read more...

မြန်မာနိုင်ငံဘဏ်များအသင်း Minimun Reserve Requirement ငါးရာခိုင်နှုန်းနှင့်ပတ်သက်သည့် ညှိနှိုင်းအစည်းအဝေးကျင်းပ

မြန်မာနိုင်ငံဘဏ်များအသင်း Minimun Reserve Requirement ငါးရာခိုင်နှုန်းနှင့်ပတ်သက်သည့် ညှိနှိုင်းအစည်းအဝေးကို အောက်တိုဘာလ ၁၂ ရက်၊ မွန်းလွဲ ၁ နာရီခွဲက မြန်မာ နိုင်ငံဘဏ်များအသင်း အမှုဆောင်အဖွဲ့ အစည်းအဝေးခန်းမတွင်ကျင်းပရာ အသင်းဥက္ကဋ္ဌနှင့် ထွန်းဖောင်ဒေးရှင်း ဘဏ်လီမိတက်ဥက္ကဋ္ဌ ဦးသိန်းထွန်းတက်ရောက်၍

Read more...

နိုင်ငံခြားငွေ လက်ခံကိုင်ဆောင်ခွင့် လိုင်စင်များအား နိုဝင်ဘာလ နိုင်ငံ ၃၀ရက် နောက်ဆုံးထား၍ ပြန်လည်အပ်နှံကြရမည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်က နိုင်ငံခြားသုံးငွေများ လက်ခံကိုင်ဆောင်ခွင့်လိုင်စင် (Foreign Exchange Acceptor & Holder License) များ ရုပ်သိမ်းကြောင်း အကြောင်းကြားစာကို အောက်တိုဘာလ ၁၃ ရက်စွဲဖြင့် သက်ဆိုင်ရာအဖွဲ့အစည်းများ၊ လုပ်ငန်းများထံသို့ ပေးပို့ခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါအကြောင်းကြားစာတွင်-

 နိုင်ငံတော်အတွင်း၌ ရောင်းချ၊ ၀ယ် ယူသည့် ကုန်ပစ္စည်းနှင့် ၀န်ဆောင်မှုများအတွက် ကျသင့်ငွေကို နိုင်ငံခြားငွေဖြင့် ရယူ၊ ပေးချေခြင်းတို့ကြောင့် ပြည်တွင်းတွင် ဒေါ်လာကျယ်ပြန့်စွာ အသုံးပြုမှု (Dollarization)  ဖြစ်လာခြင်း၊ ဒေါ်လာလိုအပ်ချက်ပမာဏ မြင့်မားလာခြင်း၊ ပြည်တွင်းသုံးကျပ်ငွေ၏ အသုံးဝင်မှုအခန်းကဏ္ဍကို  လျော့ကျလာခြင်းတို့ကြောင့် နိုင်ငံခြားငွေလဲလှယ်နှုန်း (Exchange Rate) မတည်ငြိမ်မှုကို ဖြစ်လာစေပြီး နိုင်ငံတော်၏ငွေရေးကြေးရေးကဏ္ဍမတည်ငြိမ်မှုကို ဖြစ်ပေါ်စေနိုင်သောကြောင့် သက်ဆိုင်ရာပြည်ထောင်စု ၀န်ကြီးဌာနအသီးသီးနှင့် တိုင်းဒေသကြီးနှင့်ပြည်နယ်အစိုးရအဖွဲ့များအနေဖြင့် မိမိဝန်ကြီးဌာနနှင့် အစိုးရအဖွဲ့ကွပ်ကဲမှုအောက်ရှိအဖွဲ့အစည်းများ၊

Read more...

ဗဟိုဘဏ်ဥက္ကဋ္ဌနှင့်အဖွဲ့ကမ္ဘာ့ဘဏ်နှင့်အပြည်ပြည်ဆိုင်ရာငွေကြေးရန်ပုံငွေအဖွဲ့တို့၏ ၂၀၁၅ ခုနှစ် နှစ်ပတ်လည်အစည်းအဝေးနှင့် ဂါဗာနာများအစည်းအဝေးတက်ရောက်ခဲ့ပြီး ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိ


မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥက္ကဋ္ဌ ဦးကျော်ကျော်မောင်၊ ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်နှင့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ပီရူးနိုင်ငံ၊ လီမာမြို့တွင် ၂၀၁၅ ခုနှစ် အောက်တိုဘာလ ၈ ရက်မှ ၁၁ ရက်အထိ ကျင်းပပြုလုပ်သည့် ကမ္ဘာ့ဘဏ်နှင့် အပြည်ပြည်ဆိုင်ရာငွေကြေးရန်ပုံငွေအဖွဲ့တို့၏ ၂၀၁၅ ခုနှစ် နှစ်ပတ်လည်အစည်းအဝေးနှင့် ဂါဗာနာများအစည်းအဝေး တက်ရောက်ခဲ့ပြီး အောက်တိုဘာလ ၁၄ ရက်နေ့ ညနေပိုင်းတွင် လေကြောင်းခရီးဖြင့် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိကြောင်း သတင်းရရှိသည်။