MBA logo

ယူနိုက်တက်အမရဘဏ်လီမိတက်နှင့် Visa တို့ အကျိုးတူပူးပေါင်း၍ UAB Visa Credit ကတ်များ စတင်ထုတ်ဝေ

မြန်မာနိုင်ငံ၏ပုဂ္ဂလိကဘဏ်များအနက်မှ တစ်ခုဖြစ်သော ယူနိုက်တက်အမရဘဏ်လီမိတက်သည် Visa နှင့် အကျိုးတူပူးပေါင်း၍ မြန်မာနိုင်ငံနှင့်နိုင်ငံတကာတွင် အသုံးပြုနိုင်သော UAB Visa Credit ကတ်ကို စက်တင်ဘာလ ၁၂ ရက်က စတင်မိတ်ဆက်လိုက်ပြီး UAB Visa Credit များကို Classic, Gold နှင့် Platinum ဟူ၍အမျိုးအစားသုံးမျိုးဖြင့် ထုတ်ဝေပေးသွားမည်ဟုဆိုသည်။
''အခုလို UAB Visa Credit တွေကို ထုတ်ဝေပေးခြင်းဖြင့် ကျွန်တော်တို့ရဲ့ Customer တွေဟာ ပြည်တွင်းပြည်ပဈေးဝယ် ထွက်ခြင်းနှင့် ခရီးသွားလာခြင်းရာမှာ ငွေသားကိုင်ဆောင်စရာမလိုဘဲ အဆင်ပြေချောမွေ့တဲ့ ငွေပေးချေမှုများပြုလုပ်နိုင်ပါတယ်။ Visa နဲ့ချိတ်ဆက်ထားတဲ့ ပြည်တွင်းပြည်ပရှိ Merchant များထံကလည်း Discount များနဲ့ Benefit များရရှိနိုင်မှာဖြစ်ပါတယ်'' ဟု UAB ဘဏ်၏ အထူးအကြံပေးအရာရှိဖြစ်သူ Mr.Christopher Loh က ပြောကြားသည်။

Read more...

CB Bank ၏ SME စင်တာဖွင့်ပွဲကျင်းပ

CB Bank ၏ SME စင်တာ (သီရိမွန်ပလာဇာဘဏ်ခွဲ) ဖွင့်ပွဲအခမ်းအနားကို စက်တင်ဘာလ ၁၅ ရက်၊ နံနက် ၉ နာရီက သီရိမွန်ပလာဇာတွင် ကျင်းပရာ CB Bank မိသားစုဝင်များနှင့် အခြားဖိတ်ကြားထားသောဧည့်သည်တော်များ တက်ရောက်ကြပြီး ဒေါ်သော်တာဇင် (Director, CB Bank)၊ ဒေါ်နီနီသန်း ညွှန်ကြားရေးမှူး ငွေတိုက် ဦးစီးဌာန (စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဌာန)၊ ဒေါ်ရီရီခိုင် ညွှန်ကြားရေးမှူး (အသေးစားနှင့်အလတ်စား စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုဌာန၊ စက်မှုဝန်ကြီးဌာန)၊ ဦးခင်မောင်ဝင်း အထွေထွေမန်နေဂျာ (မြန်မာ့ အာမခံလုပ်ငန်း)တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။

Read more...

သမဝါယမဘဏ်လီမိတက် အခြေခံဘဏ် လုပ်ငန်းသင်တန်း အမှတ်စဉ်(၁၂၂+၁၂၃) ဖွင့်လှစ်

သမဝါယမဘဏ်လီမိတက် အခြေခံ ဘဏ်လုပ်ငန်းသင်တန်း အမှတ်စဉ် (၁၂၂+ ၁၂၃) သင်တန်းဖွင့်ပွဲအခမ်းအနားကို စက် တင်ဘာ ၁၃ ရက်၊ နံနက် ၉ နာရီခွဲက သင်္ဃန်းကျွန်းမြို့နယ်၊ ဦးဘဟန်လမ်းရှိ ဘဏ်သင်တန်းကျောင်းခန်းမတွင် ကျင်းပသည်။
အခမ်းအနားသို့ သမဝါယမဘဏ်လီမိတက် ဒုတိယဥက္ကဋ္ဌ(၂) ဦးသိန်းထွေး၊ ဒုတိယဥက္ကဋ္ဌ(၃) ဦးလှကြူ၊ ဦးဖေမြင့် (Advisor of Chairman) ၊ ဒေါ်ခင်ခင်ဝင်း (အကြံပေးပုဂ္ဂိုလ်)၊ ဒေါ်ခင်ခင်ဝင်း (DMD)၊ ဦးမြမောင် (GM) ၊ ဒေါ်သန်းသန်းဌေး (GM) ၊ ဒေါ်သီတာထွန်း (GM) ၊ ဒေါ်စိုးစိုး လွင် (DGM) တို့ တက်ရောက်ကြသည်။

Read more...

မြန်မာအရှေ့တိုင်းဘဏ်လီမိတက်၏ လက်ထောက်မန်နေဂျာအရာရှိလောင်းသင်တန်း (၁/၂ဝ၁၇-၂ဝ၁၈) သင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပ

မြန်မာအရှေ့တိုင်းဘဏ်လီမိတက် လက်ထောက်မန်နေဂျာ အရာရှိလောင်းသင်တန်း (၁/၂ဝ၁၇-၂ဝ၁၈) သင်တန်း ဖွင့်ပွဲအခမ်းအနားကို စက်တင်ဘာလ ၁၈ ရက်၊ နံနက် ၉ နာရီတွင် စက်ရုံလမ်းရှိ မြန်မာအရှေ့တိုင်းဘဏ်၏ သင်တန်းဌာနတွင် ကျင်းပသည်။
ပြင်ပမှမဟာဘွဲ့ရသူများအား အလုပ်အကိုင်ဖန်တီးပေးနိုင်ရေးနှင့် မိမိဘဏ်၏ဝန်ထမ်းများထဲမှ အရည်အချင်းပြည့်မီသူ အမှုထမ်းများအား အရာရှိအဆင့်သို့ တိုးမြှင့်ပေးနိုင်ရေးဟူသော ရည်ရွယ်ချက်နှစ်ရပ်ဖြင့် ရေး၊ ဖြေစာမေးပွဲနှင့် လူတွေ့စစ်ဆေးခြင်းများပြုလုပ်၍ စိစစ်ရေးချယ်ခဲ့သည်။ ရွေးချယ်ခံရသူများအား ဘဏ်လုပ်ငန်း၌လည်း ကောင်း၊ စီမံခန့်ခွဲမှု၌လည်းကောင်း အရည်အချင်းမြှင့်တင်နိုင်ရန် Capacity Building အတွက် ယင်းသင်တန်းကို ဖွင့်လှစ်ရခြင်းဖြစ်သည်။

Read more...

မြန်မာနိုင်ငံဘဏ်များအသင်း Revaluation လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

မြန်မာနိုင်ငံဘဏ်များအသင်း Revaluation လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို စက်တင်ဘာလ ၂ဝ ရက်၊ မွန်းလွဲ ၂ နာရီက မြန်မာနိုင်ငံဘဏ်များအသင်း၊ ဒါရိုက်တာအဖွဲ့ အစည်းအဝေးခန်းမတွင် ကျင်းပရာ ဧရာဝတီဘဏ်လီမိတက် Executive Director ဦးသန်းဇော်က အဖွင့်အမှာစကားပြောကြားသည်။

Read more...