MBA logo

မြ၀တီဘဏ်လီမိတက် အရာထမ်းအဆင့်လုပ်ငန်းခွင်ကျွမ်းကျင်မှုသင်တန်းအမှတ်စဉ်(၃/၂၀၁၆-၂၀၁၇)ဆင်းပွဲကျင်းပ

မြ၀တီဘဏ်လီမိတက် အရာထမ်းအဆင့်လုပ်ငန်းခွင်ကျွမ်းကျင်မှုသင်တန်း အမှတ်စဉ်(၃/၂၀၁၆-၂၀၁၇)ဆင်းပွဲနှင့်ဆုချီးမြှင့်ခြင်းအခမ်းအနားကို စက်တင်ဘာလ ၁၂ ရက်၊ မွန်းလွဲ ၂ နာရီက ဘဏ်သင်တန်းခန်းမတွင် ကျင်းပရာ မန်နေဂျင်းဒါရိုက်တာ ဦးယုလွင်တက်ရောက်၍ သင်တန်းဆင်းအမှာစကားပြောကြားသည်။ ထို့နောက် ဒါရိုက်တာ ဒေါ်ခင်အေးမော်က ကြီးကြပ်အဆင့်လုပ်ငန်းခွင့်ကျွမ်းကျင်မှုသင်တန်းအမှတ်စဉ်

Read more...

အာရှ၏ကျားအသစ်တစ်ကောင်လား

ဖွံ့ဖြိုးဆဲနိုင်ငံများတွင် နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုများ အများအပြား ရရှိလာရေးမှာ အရေးကြီးလှသည်။ ထိုသို့ ရရှိမှသာလျှင် နိုင်ငံစီးပွားရေးဖွံ့ဖြိုး တိုးတက်မှုကို မျှော်မှန်းနိုင်မည်ဖြစ်သည်။ သို့ဖြစ်၍ ဖွံ့ဖြိုးဆဲနိုင်ငံအသီးသီးသည် မိမိပြည်တွင်း၌ ပြည်ပရင်းနှီးမြှုပ်နှံသူများ မျက်စေ့ကျလောက်သည့် အခြေအနေ ကောင်းများရှိအောင် စီမံဖန်တီးကြိုးပမ်းအားထုတ်လျက်ရှိကြရာ အောင်မြင်ကြ သည်များရှိသော်လည်း စီမံခန့်ခွဲမှုအလွဲများကြောင့် မအောင်မြင်ကြသည်က ပို၍များပေသည်။

ဆေးရုံသုံး ပစ္စည်းကိရိယာများ ထုတ်လုပ်သည့် Jonathan Moreno ၏ ကုမ္ပဏီသည် ၂ဝဝ၉ ခုနှစ်တွင် စက်ရုံ အသစ်တည်ထောင်ရန်အတွက် သင့်လျော်သော နေရာရှာဖွေခဲ့ရာတွင် ကမ္ဘာ့နိုင်ငံအတော်များများကို ထိုစက်ရုံတည်ထောင်ရန်အတွက် စိတ်တိုင်းမကျဖြစ်ခဲ့သည်။ ဥရောပနှင့်အမေရိကန်နိုင်ငံများ မှာ လုပ်ခဈေးကြီးလွန်းလှသည်။ အိန္ဒိယ ဆိုပြန်တော့လည်း ရင်းနှီးမြှုပ်နှံရန် ရှုပ်ထွေးမှုများပြားသဖြင့် စိတ်ကြိုက်မဖြစ်သလို တရုတ်နိုင်ငံဆိုတော့လည်း intellectual property right ခေါ် အသိပညာမူပိုင်ခွင့်ဆိုင်ရာကိစ္စအတွက် စိတ်မချရသော အခြေအနေဖြစ်သည်။ နောက်ဆုံးတွင်မူ ဗီယက်နမ်နိုင်ငံတစ်နိုင်ငံသာလျှင် ရွေးစရာကျန်သဖြင့် ဗီယက်နမ်တွင် စက်ရုံဆောက်ရန် ဆုံး ဖြတ်လိုက်တော့သည်။ ဗီယက်နမ်သည်လည်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများအတွက် ပေါ်ထွန်းစသာရှိသေးသည့် နိုင်ငံဖြစ်သဖြင့် ရာနှုန်းပြည့်စိတ်ချရသည့် အနေအထားတော့ မဟုတ်ပါ။ သို့သော် ထိုကုမ္ပဏီသည် ဗီယက်နမ်အား ရွေးချယ်ဆုံးဖြတ်ခြင်းသည် ရှုထောင့်ပေါင်းစုံမှ စနစ်တကျစိစစ်အကဲဖြတ်ပြီးမှ ရွေး ချယ်လိုက်ခြင်းဖြစ်သည်။

Read more...

ရပ်ကွက်ထဲမှာပေါ့ဗျာ...(မှားတဲ့အခါလည်း မှားပေမပေါ့)

ဒီနေ့စနေနေ့,နေ့လယ်။ အိမ်ထဲမှာ ရုပ်ရှင်ဇာတ်လမ်းကြည့်နေတာကြာပြီ။ အ ညောင်းပြေ ခြေဆန့်လက်ဆန့်လုပ်ရင်း မျက်စောင်းထိုးခြံကို အကြည့်ရောက်သွား တယ်။ အံမယ် အံမယ် ဂေါ်ဆယ်ကျော် ကြီးတစ်ယောက် ဂဏာမငြိမ် ဟိုကြည့် ဒီကြည့်နဲ့ဒေါ်ဝက်မ ခြံထဲဝင်သွားတယ်။ ဒီကောင့်ကို ဂေါ်ဆယ်လို့ ရပ်ကွက်က နာမည်ပေးထားတာ။ ဒီကောင်က မနက် ဆိုရင် မိန်းမပိုက်ဆံအိတ်ထဲက ငွေ ၅ဝ နှိုက်ပြီး မောနင်းပက် ၅ဝ ဖိုးသွားသွား ကစ်တတ်လွန်းလို့ ဂေါ်ဆယ်ကျော်ကြီး ဖြစ်သွားတာ။ သူ့မိန်းမက ဈေးထဲမှာ မဆလာတို့၊ ငရုတ်သီးမှုန့်တို့၊ သရက် သီးသနပ်တို့ရောင်းတဲ့ ဟိန္ဒူကုလားမ လေး အမီနာ။ ဂေါ်ဆယ်ကျော်ကြီးက အလုပ်လက်ကြောတင်းအောင်သာ မလုပ်တတ်တာ။ မိန်းမကိုနိုင်မှနိုင်။ မိန်းမ ဈေးသိမ်းပြီးပြန်လာရင် အချိန်မပုပ် အောင်ဆိုပြီး ပန်းကုံးညှပ်ခိုင်းသေးတယ်။ကျွန်တော်တို့ရပ်ကွက်မှာ အမျိုးသမီး တော်တော်များများက ပန်းကုံးညှပ်ကြ တယ်။ တစ်ကုံးကို လက်ခစားဘယ် လောက်ရလဲတော့မသိပါဘူး။ ကလေး ကအစ ပန်းကုံးညှပ်တတ်ကြတယ်။ ပန်း ကုံးဆိုတာက သင်္ကြန်တို့ ဘာတို့ညာတို့ မှာ စွပ်တဲ့ပန်းကုံးလေ။ ဟော ပြောရင်း ဆိုရင်း ဂေါ်ဆယ်ကျော်ကြီး ပြန်ထွက် လာပြီ။ တစ်ခုခုကိုကိုင်ပြီး ခပ်သွက်သွက် ထွက်သွားလေရဲ့။ ဒီကောင် ဒေါ်ဝက်မ ခြံထဲ ဝင်ပြီး ဘာမွှေပြန်လဲ မသိဘူး။ ခြံတံခါးလေးအသာဖွင့်ပြီး အဲဒီခြံဘက် လှမ်းစပ်စုကြည့်လိုက်တယ်။ သူတို့ခြံက ခြံခတ်ထားပေမယ့် ရှေ့ပိုင်းက ဟာလာ ဟင်းလင်း။ ဟော ကြည့်အုံး။ မိန်းမနှစ် ယောက် ခြံရှေ့မြေကွက်လပ်မှာ ခေါင်း ချင်းဆိုင်ပြီး အိပ်နေလိုက်ကြတာ တုန့် တုန့်မှမလှုပ်။ အင်း ဒင်းတို့တွေ ညက မယ်လမုဘုရားပွဲမှာ ဖိုးချစ်ဇာတ်သွား ကြည့်ကြမယ်ဆိုပြီး ကျယ်ကျယ် ကျယ် ကျယ်နဲ့ တိုင်ပင်နေတာတော့ အကြား လိုက်သား။ ဒင်းတို့တွေက ဖိုးချစ်အစွမ်း နဲ့ အသားကုန်အိပ်နေ။ ဂေါ်ဆယ်ကျော် ကြီးက ဘာမွှေသွားသလဲတော့ မသိဘူး။ သက်ပြင်းချရင်း ခြံတံခါးပိတ်။ ထုံးစံ အတိုင်း ပက်လက်ကုလားထိုင်လေးယူ။ ဒေးလီး တစ်စောင်ဆွဲ။ စာထဲ စိတ်ဝင် စားနေတာ ဘယ်လောက်ကြာသွားသလဲ တော့ မသိဘူး။ ဒေါ်ဝက်မ ခြံထဲမှာ ပွက်လောရိုက်ကုန်ပြီ။

Read more...

ADB Mission အဖွဲ့နှင့် မြန်မာနိုင်ငံဘဏ်များအသင်း၊ နိုင်ငံတကာဆက်ဆံရေးကော်မတီတို့ တွေ့ဆုံဆွေးနွေး

Asia Development Bank(ADB) မှာ Mission နှင့် မြန်မာနိုင်ငံဘဏ်များအသင်း၊ နိုင်ငံတကာဆက်ဆံရေးကော်မတီတို့သည် စက်တင်ဘာလ ၁၆ ရက်၊ မွန်းလွဲ ၂ နာရီက ဒါရိုက်တာအဖွဲ့ အစည်း အဝေးခန်းမတွင် တွေ့ဆုံဆွေးနွေးကြရာ မြန်မာနိုင်ငံဘဏ်များ အသင်း ဒုတိယဥက္ကဋ္ဌ(၁)၊ နိုင်ငံတကာဆက်ဆံရေးကော်မတီအဖွဲ့ခေါင်းဆောင် ဒေါက်တာစိန်မောင်(ဥက္ကဋ္ဌ၊ ပထမပုဂလိကဘဏ်လီမိတက်)နှင့် ကော်မတီဝင်များ တက်ရောက်ကြကြောင်း သတင်းရရှိသည်။

 

အီးကောမာ့စ် ဘယ်လဲ

မွန်ဘိုင်းမြို့ နံနက်ချိန်ခါတွင်ဖြစ်သည်။ Anil ခေါ်သော လူငယ်လေး သည် မော်တော်ဆိုင်ကယ်တစ်စီးဖြင့် ပစ္စည်းမျိုးစုံပါသော အထုပ်ကြီးတစ်ထုပ် ကို သယ်ဆောင်၍ တစ်လမ်းဝင်တစ် လမ်းထွက် စီးနင်းလာခဲ့သည်။ ဆိုင်ကယ် မှာ Anil ၏ ကိုယ်ပိုင်မဟုတ်၊ ဦးလေး ထံမှ ငှားထားခြင်းဖြစ်သည်။ နံနက် စောစောကတည်းက Anil သည် သူပို့ဆောင်ပေးရမည့်ပစ္စည်းများကို လမ်းကြောင်းတစ်လျှောက် အဆင်ပြေပြေပို့ ဆောင်ပေးအပ်နိုင်ရေးအတွက် အစီအစဉ်တကျ စီမံချက်ချပြီး အထုပ်ကြီးအတွင်း ထည့်သွင်း၍ အလုပ်ရှုပ်နေခဲ့သည်။ ပထမဆုံးချပေးရမည့်ပစ္စည်းသည် အပေါ် ဆုံးတွင်ရှိနေရန် ဒုတိယချပေးရမည့် ပစ္စည်းက ဒုတိယအပေါ်ဆုံးနေရာတွင် ရှိနေရန်စသည် စသည်။

Anil သည် တိုက်ခန်းများ စုဝေး တည်ရှိနေရာရှိ တိုက်တစ်တိုက်ပေါ်သို့ ဓာတ်လှေကားကျဉ်းကျဉ်းထဲတွင် အထုပ်ကြီးကို သယ်ပိုးတက်သွားပြီး ၂၁ နှစ် အရွယ် တက္ကစီမောင်းသူတစ်ဦးအား ၄င်း မှာထားသည့် ရှပ်အင်္ကျီကို ပေးအပ်ခဲ့သည်။ နောက်တစ်တိုက်သို့ တက်သွား ပြန်ပြီး ၁၆ နှစ်အရွယ် လူငယ်လေးအား စမတ်ဖုန်းထည့်ထားသည့်အိတ်ကို ပေးအပ်ရပြန်သည်။ ထိုလူငယ်လေးသည် သူ့မိသားစုအလိုရှိရာ ပစ္စည်းများကို စမတ်ဖုန်း app ခေါ် အသုံးချနည်းအမျိုးမျိုးကို ကျွမ်းကျင်စွာကိုင်တွယ်ပြီး အွန်လိုင်းဖြင့် ဝယ်ယူပေးလေ့ရှိသည်။ Anil သည် နောက်မလှမ်းမကမ်းနေရာ သို့ အထုပ်ကြီးကိုသယ်၍ မောင်းသွား ပြန်ပြီး အဘွားကြီးတစ်ယောက်မှာထား သော ချဉ်ဖတ်ထည့်သော မြေအိုးကို ပေးအပ်ရပြန်ပါသည်။ Anil အတွက် ဤပုံစံဖြင့် အလုပ်လုပ်ရခြင်းမှာ အလွန်ပင် အားအင်ကုန်ခန်းရသည်။ သို့သော် သူ ယုံကြည်သည်မှာ အိန္ဒိယနိုင်ငံတွင် e-commerce သည် မုချမသွေ တိုး တက်ဖြစ်ထွန်းလာမည်ဖြစ်ပြီး ထိုအောင်မြင်မှု၏အသီးအပွင့်ကို သူလည်း ဆွတ် ယူစားသုံးခွင့်ကောင်းကောင်းရနိုင်မည် ဟူ၍ဖြစ်သည်။

Read more...