MBA logo

ဂျာမနီ KfW ဘဏ်နှင့် CB ဘဏ်တို့ SME လုပ်ငန်းများအတွက် သဘောတူလက်မှတ်ရေးထိုးခြင်းအခမ်းအနား ကျင်းပ

ဘဏ္ဍာရေးဆိုင်ရာ ပေါင်းစည်းဆောင်ရွက်မှုကြောင့် မြန်မာနိုင်ငံ၏ SME လုပ်ငန်းများတွင် ပိုမိုချေးငွေရရှိအဆင်ပြေစေနိုင်ရန်အတွက် ရည်ရွယ်၍ မြန်မာနိုင်ငံ၏ SME လုပ်ငန်းများတွင် ချေးငွေထောက်ပံ့မည့်အစီအစဉ်အတွက် KfW နှင့် CB တို့ သဘောတူစာချုပ်လက်မှတ်ရေးထိုးပွဲအခမ်းအနားကို ရန်ကုန်မြို့ ဆူးလေဘုရားလမ်းရှိ ရှန်ဂရီလာဟိုတယ်တွင် နံနက် ၁၀ နာရီက ကျင်းပသည်။ အဆိုပါအခမ်းအနားသို့ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးမောင်မောင်ဝင်း၊ မြန်မာနိုင်ငံ ဂျာမနီသံအမတ်ကြီး Mr. Christiam Ludwing Weberlortschi ၊ သမ၀ါယမဘဏ်လီမိတက် (CB Bank) ဒုတိယဥက္ကဋ္ဌနှင့်အမှုဆောင်အရာရှိချုပ် ဦးကျော်လင်း၊ ဂျာမနီနိုင်ငံမှ KfW ဖွံ့ဖြိုးရေးဘဏ်၏မြန်မာနိုင်ငံဆိုင်ရာညွှန်ကြားရေးမှူး Ms Eva Schneider နှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

Read more...

ဘဏ္ဍာရေးအကူအညီများနှင့်အကြွေးဝယ်ကတ်ဝန်ဆောင်မှု ကမ္ဘောဇဘဏ် စတင်

ကမ္ဘောဇဘဏ်လီမိတက်၏ KBZ UnionPay International Credit Card စတင်မိတ်ဆက်သည့်အခမ်းအနားကို အောက်တိုဘာလ ၁၈ ရက်၊ ညနေ ၆ နာရီက ရန်ကုန်မြို့၊ ကမ္ဘာအေးဘုရားလမ်းရှိ Melia ဟိုတယ်တွင် ကျင်းပရာ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ညွှန်ကြားရေးမှူးချုပ် ဦးဝင်းသော်၊ ကမ္ဘောဇဘဏ်လီမိတက် အုပ်ချုပ်မှုဒါရိုက်တာ ဦးအောင်ကျော်မျိုးတို့က အဖွင့်အမှာစကားများ အသီးသီးပြောကြားကြပြီး UnionPay International မှ Chief Cooperation Officer, Mr. David Lees နှင့် ကမ္ဘောဇဘဏ်လီမိတက် ကတ်ဌာနမှ အထွေထွေမန်နေဂျာ ဒေါ်ဆွေဇင်ဝင်းတို့က Union Pay International Credit Card နှင့်ပတ်သက်၍ ရှင်းလင်းပြောကြားကြသည်။

ယခုမိတ်ဆက်လိုက်သော KBZ UnionPay International Credit Card သည် Classic ကတ်နှင့် Platinum ကတ်ဟူ၍ ပုံစံနှစ်မျိုးထုတ်လုပ်ထားသည်။ Platinum ကတ်အသုံးပြုသူများသည် ကမ္ဘောဇဘဏ်က ပေးအပ်သော အထူးခံစားခွင့်များကို ရရှိမည်ဖြစ်သည်။ ထို့အပြင် UnionPay ၏ Asian Prestige အစီအစဉ်အောက်ရှိ အထူးခံစားခွင့်များဖြစ်သော ကမ္ဘာတစ်ဝန်းလေဆိပ်များ၏ VIP

Read more...

ကမ္ဘာ့ဘဏ္ဍာရေးစနစ်သစ် အစိမ်းရောင်စီးပွားရေးသို့ဦးတည်

ယနေ့ကာလ နိုင်ငံတကာစီးပွားရေး လောကအတွင်း ဗျူဟာခင်းလိုသူများက “အင်နိုဗေးရှင်း”ဟူသော “ဆန်းသစ်ပြောင်း လဲမှု”နှင့်အတူ ဈေးကွက်ချဲ့ထွင်နေကြ လေသည်။အင်နိုဗေးရှင်း (Innovation) ဟူသည်ကား သူတစ်ပါးအကြံဥာဏ်ကို အခြေခံ၍ ပိုမိုတိုးတက်ကောင်းမွန်အောင် ဆက်လက်ကြံဆ လုပ်ကိုင်မှုပင်ဖြစ်သည်။ ရှိရင်းအခြေအနေပေါ်တွင် အတွေးအမြင်သစ်များနှင့်အတူ ပိုမိုတိုးတက်ကောင်းမွန်လာအောင် ပြောင်းလဲခြင်းဖြစ်သည်။

Read more...

2016 IMF Article IV Consultation Mission အဖွဲ့က မြန်မာနိုင်ငံဘဏ်များအသင်းနှင့် လာရောက်တွေ့ဆုံ

2016 IMF Article IV Consultation Mission အဖွဲ့က အောက်တိုဘာလ ၁၈ ရက်၊ မွန်းလွဲ ၁ နာရီတွင် မြန်မာနိုင်ငံဘဏ်များအသင်းသို့လာရောက်ခဲ့ရာ ဒုတိယဥက္ကဋ္ဌ(၁)၊ နိုင်ငံတကာဆက်ဆံရေးကော်မတီအဖွဲ့ခေါင်းဆောင် ဒေါက်တာစိန်မောင်(ဥက္ကဋ္ဌ၊ ပထမပုဂ္ဂလိကဘဏ်လီမိတက်)နှင့် ကော်မတီဝင်များက ဒါရိုက်တာအဖွဲ့ အစည်းအဝေးခန်းမမှာ လက်ခံတွေ့ဆုံကြောင်းသိရသည်။
/ရွှေပြည်တန်/

ကောက်စားခင်မောင်ရဲ့ တနင်္ဂနွေလုပ်အားပေး

ရပ်ကွက်ထဲမှာပေါ့ဗျာ။
ရပ်ကွက်ထဲမှာ ခင်မောင်ဆိုတဲ့ လူ တစ်ယောက်ရှိတယ်။ ရပ်ကွက်ထဲကလူ တွေကတော့ သူ့ကို ကောက်စား ခင် မောင်လို့ ခေါ်ကြတယ်။ နာမည်ကိုကြား တော့ နားရှုပ်သွားသလားမသိဘူး။ ဒီလို ဗျ ခင်မောင်က တော်တော်လည်တယ်။ သူကပွဲစားတစ်ယောက်ပေါ့။ ပွဲစားလုပ်တဲ့ နေရာမှာလည်း ဖျံကျလွန်းတယ်လေ။ အသံလေးနည်းနည်းကြားလိုက်တာနဲ့ သူ့ကိုယ်သူ ကြားပွဲစားဆိုပြီး ခွင်(ဂွင်) ရိုက်တတ်တာတွေ၊ ကျော်ခွ ကောက်စား လွန်းတာတွေကြောင့်လည်း ပွဲစားတော် တော်များများက ကောက်စားခင်မောင် ကို ရှောင်ကြတာပေါ့ဗျာ။ ကောက်စား ခင်မောင်တို့ရဲ့လည်ချက်၊ လှည့်ကွက် တွေက ကိုးရီးယားရုပ်ရှင်ကားတွေထက် တောင် သာနေတော့ ရပ်ကွက်ထဲမှာ ပြောမဆုံးပေါင် တောသုံးထောင် ဆိုသလိုပေါ့။

Read more...