MBA logo

ရှမ်းပြည်မြောက်ပိုင်းမူဆယ်မြို့ရှိတိုက်ပွဲရှောင်စခန်းများတွင် ရောက်ရှိနေသော ခေတ္တတိုက်ပွဲရှောင် ပြည်သူများအတွက် ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်းမှခေါင်းစွပ်ပါအနွေးထည်များ၊ စောင်နှင့် အစား အသောက် များ လှူဒါန်း

ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်းသည် ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့ မဟာဝန်မြောက်ကျောင်း၊ ဇေတ၀န်ကမ္မဌာန်းကျောင်း၊ ဟိုမွန်ရပ်ကွက်ရှိ နှစ်ချင်းခရစ်ယာန်ကျောင်း၊ အောင်မင်္ဂလာကျောင်း နှင့်နမ့်ခွမ်ရွာဘုန်းတော်ကြီးကျောင်းများရှိ ယာယီ တိုက်ပွဲရှောင် စခန်းများသို့ရောက်ရှိခိုလှူံနေကြသော နမ့်ခွမ်၊ နမ့်ပေါ၊(၁၀၅)မိုင်၊ မော့တောင်း၊ နမ့်ဖတ်ကာနှင့် မူဆယ်မြို့ အနီးဝန်းကျင် ကျေးရွာများမှ ခေတ္တတိုက်ပွဲရှောင်တိုင်းရင်းသား ပြည်သူ (၃၀၀၀)ကျော်အတွက် ခေါင်းစွပ်ပါအနွေးထည် အထည်(၃၂၀၀)၊ စောင်အထည်(၃၂၀၀)၊ ဆန်အိတ် (၁၀၀)အိတ်၊ ငါးသေတ္တာ (၁၅၀၀)ဘူး၊ ခေါက်ဆွဲခြောက် (၁၅၀)ဖာနှင့် အာဟာရမှုန့်များကို ဖောင်ဒေးရှင်းမှ တာဝန်ရှိသူများဖြစ်ကြသော မူဆယ်မြို့ပေါ်ရှိ ကမ္ဘောဇဘဏ်လီမိတက် ဘဏ်ခွဲတာဝန်ခံများနှင့် ဖောင်ဒေးရှင်း အဖွဲ့ဝင်များက နိုဝင်ဘာလ (၂၃)ရက်နေ့တွင် သွားရောက် လှူဒါန်းခဲ့ကြောင်းသိရသည်။
/KBZ/

CB CO-BRANDED DEBIT CARD (MPU-JCB) Card မိတ်ဆက်ပွဲ ကျင်းပ

CB CO-BRANDED DEBIT CARD (MPU-JCB) Card မိတ်ဆက်ပွဲအခမ်းအနားကို သမ၀ါယမဘဏ်လီမိတက်(CB Bank)ရုံးချုပ်၊ တတိယထပ်ရှိ ခန်းမတွင်ကျင်းပရာ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ညွှန်ကြားရေးမှူးချုပ် ဒေါ်သန်းသန်းဆွေ တက်ရောက်၍ နှုတ်ခွန်းဆက်ချီးမြှင့်စကားပြောကြားသည်။ ဆက်လက်၍ သမ၀ါယမဘဏ်လီမိတက် Executive Vice Chairman & CEO ဦးကျော်လင်းက နှုတ်ခွန်းဆက်စကားပြောကြားသည်

Read more...

မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် ရုံးလုပ်ငန်းဆိုင်ရာအခြေခံကွန်ပျူတာသင်တန်း အမှတ်စဉ်(၆) သင်တန်းဆင်းပွဲ ကျင်းပ

မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် ရုံးလုပ်ငန်းဆိုင်ရာ အခြေခံကွန်ပျူတာ သင်တန်း အမှတ်(၆) သင်တန်းဆင်းပွဲ အခမ်းအနားကို နိုဝင်ဘာလ (၂၉) ရက် က ပန်းဆိုးတန်းလမ်း၊ ရုံးချုပ်ရှိ သင်တန်းခန်းမတွင် ကျင်းပရာ အထွေထွေမန်နေဂျာ ဦးစိန်လှထွန်းတက်ရောက်၍ သင်တန်းဆင်းအမှာစကားပြောကြားသည်။ ထို့နောက် ဆုများနှင့် Certificate များ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြောင်း သတင်းရရှိသည်။

/ရွှေပြည်တန်/

သမဝါယမဘဏ်လီမိတက် (CB Bank) ငွေရတုအလွန် အခမ်းအနားကျင်းပ


သမဝါယမဘဏ်လီမိတက် (CB Bank) သည် မြန်မာနိုင်ငံဘဏ်လုပ်ငန်းတွင် ထိပ်ဆုံးမှပါဝင်နေသည့် ဘဏ်တစ်ခုဖြစ်ပြီး customer များကို နည်းပညာသစ်များဖြင့် ၂၄ နာရီ ဝန်ဆောင်မှုပေးနေ၍ Prouduct ၆၁ မျိုးခန့်ကိုလည်း customer များအတွက်ဝန်ဆောင်မှုပေးနေကြောင်း၊ online ကတစ်ဆင့် ငွေပေးချေခြင်း၊ ပြည်တွင်းမှာ MPU Debit Card, Credit Card များသာမက နိုင်ငံတကာမှာလည်းအသုံးပြုနိုင်သည့် Easi Travel Card, UnionPay International Card, MPU-UPI Credit များကိုလည်း ထုတ်ပေးထားပြီးဖြစ်ကြောင်းနှင့် ငွေထုတ်စက် ၅၁၁ လုံး တပ်ဆင်ထားပြီးေ

Read more...

နိုင်ငံသားအားလုံးက စီးပွားရေးတိုးတက်ဖွံ့ဖြိုးမှုမှာ ပါဝင်ဆောင်ရွက်ကြစေလိုကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် မှာကြား

နိုင်ငံသူ၊ နိုင်ငံသားအားလုံးက စီးပွားရေးဖွံ့ဖြိုးတိုးတက်ဖွံ့ဖြိုးမှုမှာ ပါဝင်ဆောင်ရွက်ကြစေလိုကြောင်း၊ အတိတ်ကို ပြန်ပြီးကြည့်တာမဟုတ်ဘဲ အနာဂတ်ကိုမျှော်သည့်မူဝါဒမျိုးနှင့် ကျွန်မတို့ ဆက်ပြီးဆောင်ရွက်သွားမှာဖြစ်ကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အောက်တိုဘာလ ၂၂ ရက်၊ နံနက် ၉ နာရီက မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန(နေပြည်တော်)တွင် ကျင်းပသည့် စီးပွားရေးလုပ်ငန်းရှင်များ၊ ဖွံ့ဖြိုးမှုမိတ်ဆက်များ တွေ့ဆုံပွဲအခမ်းအနားတွင် မှာကြားသွားသည်။

Read more...