MBA logo

မြန်မာနိုင်ငံဘဏ်များအသင်း၏ (၁၉၁) ကြိမ် မြောက် အစည်းအဝေးကျင်းပ

မြန်မာနိုင်ငံဘဏ်များအသင်း၏ (၁၉၁) ကြိမ်မြောက် အစည်းအဝေးကို မေ ၂၁ ရက်၊ ညနေ ၃ နာရီက ဒါရိုက်တာအဖွဲ့အစည်း အဝေးခန်းမတွင်ကျင်းပရာ မြန်မာနိုင်ငံ ဘဏ်များအသင်းဥက္ကဋ္ဌနှင့် မြန်မာအသေး စားငွေရေးကြေးရေးဘဏ်လီမိတက် နာယက ဦးခင်မောင်အေး တက်ရောက်၍

Read more...

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး မြန်မာနိုင်ငံဘဏ်များအသင်း အမှုဆောင်အဖွဲ့နှင့်တွေ့ဆုံ

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် မြန်မာ နိုင်ငံဘဏ်များအသင်း အမှုဆောင်အဖွဲ့တို့၏ တွေ့ဆုံဆွေးနွေးပွဲအခမ်းအနားကို မေလ ၂၁ ရက်၊ မွန်းလွဲ ၁ နာရီက မြန်မာနိုင်ငံဘဏ် များအသင်း ဒါရိုက်တာအဖွဲ့အစည်းအဝေးခန်းမ၌ကျင်းပရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ တက်ရောက်၍ အဖွင့် အမှာစကားပြောကြားသည်။
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည် မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူက အဖွင့်အမှာစကား ပြောကြားရာတွင် မိမိ၏ ဝန်ကြီးဌာနအနေဖြင့် မြန်မာနိုင်ငံဘဏ်များအသင်းနှင့် ပူးပေါင်း ဆောင်ရွက်လုပ်ကိုင်နိုင်ရန် လာရောက်တွေ့ ဆုံဆွေးနွေးရခြင်းဖြစ်ကြောင်း၊ မိမိဝန်ကြီးဌာန၏ ဆောင်ရွက်ချက်အချို့သည် ဘဏ်များ၏ ပူးပေါင်းဆောင်ရွက်မှုရရှိရန် လိုအပ်သဖြင့် ညှိနှိုင်းဆွေးနွေးလိုပါကြောင်း
မိမိ၏ ဝန်ကြီးဌာနက မူဝါဒများ၊ လုပ်ငန်းစဉ်များကိုချမှတ်ပြီး ဆောင်ရွက်လျက်ရှိပါကြောင်း၊ တစ်နိုင်ငံလုံးကို လွန်ခဲ့ သည့် လေးငါးလခန့်မှစ၍ဖိတ်ခေါ်ပြီး စတင်ဆောင်ရွက်လျက်ရှိသော အစီအစဉ်တစ်ရပ်မှာ စက်မှုလယ်ယာကူးပြောင်းရေး အစီအစဉ် ဖြစ်ပါကြောင်း၊ ယင်းအစီအစဉ်ကို အကောင် အထည်ဖော်လျက်ရှိရာတွင် ဘဏ်အချို့၏ ပူးပေါင်းဆောင်ရွက်မှုကို ရရှိနေပါကြောင်း၊ တစ်နိုင်ငံလုံးတွင် Down Payment ၁ဝ ရာခိုင်နှုန်းပေးပြီး ခုနစ်ရစ်အရစ်ကျစနစ်ဖြင့် ခြောက်လတစ်ကြိမ် ၁၅ ရာခိုင်နှုန်း ပြန်ဆပ်သည့်စနစ်ဖြင့် လုပ်ဆောင်လျက်ရှိပါကြောင်း၊ တောင်သူလယ်သမားများအကျိုးရှိသည့်စနစ်ဖြစ်ပြီး စက်ပစ္စည်းများ၏ဈေးနှုန်းမှာလည်း လက်ရှိရောင်းချနေသည့် ဈေးနှုန်းထက် ချိုသာသဖြင့် နှစ်ဘက်စလုံးအတွက် အကျိုးဖြစ်ထွန်းစေခဲ့ပါကြောင်း။

Read more...

ပြောင်းလဲလာသော ရန်ကုန်မြို့၏ ခေတ်စနစ်များအပေါ်

ရန်ကုန်မြို့နေ ပြည်သူပြည်သားများ ခရီးသွားလာရေး အဆင်ပြေစေမှုအတွက် တစ်ဖက်တစ်လမ်းမှ ကူညီသည့်အနေဖြင့် ဧရာဝတီဘဏ်မိသားစုမှ မော်တော်ယာဉ် (၁၂)စီးဖြင့် ယာဉ်လမ်းကြောင်း အခက်အခဲ ဖြစ်နေသည့် နေရာများတွင် ဝင်ရောက်၍ အခမဲ့ YBS ပြေးဆွဲလိုက်လံပို့ဆောင် ပေးနိုင်ခဲ့ပါသည်။

လုပ်အားပေးလျှက်ရှိသည့် အခြားအဖွဲ့များအတွက်လည်း နေရောင်ကာကွယ်စေရရန် အလို့ငှါ ထီးများ၊ ဦးထုပ်များ လိုက်လံ ဝေငှကူညီပေးခဲ့ပါသည်။

ပြောင်းလဲလာသော ရန်ကုန်မြို့၏ ခေတ်စနစ်များအပေါ် အများပြည်သူများ အဆင်ပြေချောမွေ့စေရန်အတွက် AYA Bank မှ တဖက်တလမ်းပါဝင် ကူညီအားဖြည့်ပေးခွင့်ရရှိခဲ့ပါသည်။

စိတ်ချယုံကြည် ဧရာဝတီ - Your Trusted Partner

အထွေထွေဘဏ်လုပ်ငန်းသင်တန်း အမှတ် ၂၉ အတွက် ပြင်ပသင်တန်းသားခေါ်ယူခြင်း

YBS (Yangon Bus Service) ကားလိုင်းများ ကို CB Bank မှ ကြိုဆိုသောအားဖြင့် မော်တော်ယာဉ်များဖြင့် ခရီးသွားပြည်သူများ သွားလာမှု အဆင်ပြေစေ ရန်

ယနေ့ ဇန်န၀ါရီလ (၁၆)ရက်နေ့ ၊ နံနက်တွင်စတင်ပြေးဆွဲသည့် YBS (Yangon Bus Service) ကားလိုင်းများ ကို CB Bank မှ ကြိုဆိုသောအားဖြင့် မော်တော်ယာဉ်များဖြင့် ခရီးသွားပြည်သူများ သွားလာမှု အဆင်ပြေစေ ရန် အတွက် CB Bank ၏ ၀န်ထမ်းကြို/ပို့ Mini Bus (၆)စီးဖြင့် မနက်(၁၁:၃၀)နာရီမှ ညနေ (၅:၀၀)နာရီအထိ သခင်မြပန်းခြံမှစတင်၍ ဗိုလ်တစ်ထောင်ဘုရားအထိကို လမ်းကြောင်း(၃)ကြောင်းဖြင့် ခရီးသွားလုပ်သား ပြည်သူများကို CB Bankမှ တာဝန်ရှိသူများကိုယ်တိုင် ကြီးကြပ်၍ အခမဲ့ ကူညီပို့ဆောင်ပေးလျက်ရှိပါသည်။

အဆိုပါလမ်းကြောင်း(၃)ခုမှာ-

(၁) သခင်မြပန်းခြံမှကမ်းနားလမ်းနားအတိုင်း ဗိုလ်တစ်ထောင်ဘုရားအထိလည်းကောင်

(၂) သခင်မြပန်းခြံမှ မဟာဗန္ဓုလလမ်းအတိုင်း ဗိုလ်တစ်ထောင်ဘုရားအထိလည်းကောင်

(၃) ဗိုလ်တစ်ထောင်ဘုရား မှ အနော်ရထာလမ်းအတိုင်း သခင်မြပန်းခြံအထိလည်းကောင်း ပို့ဆောင်ပေးလျှက်ရှိပါသည်။