MBA logo

မြန်မာနိုင်ငံတွင်ပထမဆုံး Touch CB ၀န်ဆောင်မှုကို CB Bank စတင်မိတ်ဆက်

CB Bank ၏ Touch CB အကြောင်း မိတ်ဆက်ရှင်းလင်းပွဲအခမ်းအနားကို စက် တင်ဘာလ ၂၁ ရက်၊ မွန်းလွဲ ၁ နာရီက သာကေတရှိ Capital တွင် ကျင်းပကြောင်းသိရသည်။ Touch CB သည် CB Bank နှင့် Visa PayWave, Mastercard contactless ကတ်တို့ ပူးပေါင်းပါဝင်ပြီး

CB ၏ ဘဏ်စနစ်သို့ ထည့်သွင်းအသုံးပြုခြင်းဖြစ်ပြီး ယင်းဝန်ဆောင်မှုကို နိုင်ငံအများစုတွင် ရိုးရှင်းလွယ်ကူပြီး လုံခြုံစိတ်ချစွာ အသုံးပြုနေကြပြီဖြစ်ပါသည်။ ငွေပေးချေသောအခါ ကတ်အားထည့်သွင်ပြီး အတည်ပြုခြင်းအစား အသုံးပြုသူမှ လွယ်ကူရိုးရှင်းစွာ PayWave သို့မဟုတ် PayPass ကတ်အား စက်တွင် ကတ်ပိုင်ရှင်ကိုယ်တိုင် ထိကပ်ရုံဖြင့် အလို အလျောက်ပေးချေမှုများကို ပြုလုပ်ဆောင်ရွက်နိုင်မည်ဖြစ်သောကြောင့် အသုံးပြုသူများအတွက် စောင့်ဆိုင်းရမည့်အချိန်ကို သက်သာစေမည့်အပြင် လုံခြုံစိတ်ချမှုလည်း အပြည့်အဝရရှိမည်ဖြစ်ကြောင်း သိရသည်။
/ရွှေပြည်တန်/