MBA logo

ယူနိုက်တက်အမရဘဏ်လီမိတက်နှင့် Visa တို့ အကျိုးတူပူးပေါင်း၍ UAB Visa Credit ကတ်များ စတင်ထုတ်ဝေ

မြန်မာနိုင်ငံ၏ပုဂ္ဂလိကဘဏ်များအနက်မှ တစ်ခုဖြစ်သော ယူနိုက်တက်အမရဘဏ်လီမိတက်သည် Visa နှင့် အကျိုးတူပူးပေါင်း၍ မြန်မာနိုင်ငံနှင့်နိုင်ငံတကာတွင် အသုံးပြုနိုင်သော UAB Visa Credit ကတ်ကို စက်တင်ဘာလ ၁၂ ရက်က စတင်မိတ်ဆက်လိုက်ပြီး UAB Visa Credit များကို Classic, Gold နှင့် Platinum ဟူ၍အမျိုးအစားသုံးမျိုးဖြင့် ထုတ်ဝေပေးသွားမည်ဟုဆိုသည်။
''အခုလို UAB Visa Credit တွေကို ထုတ်ဝေပေးခြင်းဖြင့် ကျွန်တော်တို့ရဲ့ Customer တွေဟာ ပြည်တွင်းပြည်ပဈေးဝယ် ထွက်ခြင်းနှင့် ခရီးသွားလာခြင်းရာမှာ ငွေသားကိုင်ဆောင်စရာမလိုဘဲ အဆင်ပြေချောမွေ့တဲ့ ငွေပေးချေမှုများပြုလုပ်နိုင်ပါတယ်။ Visa နဲ့ချိတ်ဆက်ထားတဲ့ ပြည်တွင်းပြည်ပရှိ Merchant များထံကလည်း Discount များနဲ့ Benefit များရရှိနိုင်မှာဖြစ်ပါတယ်'' ဟု UAB ဘဏ်၏ အထူးအကြံပေးအရာရှိဖြစ်သူ Mr.Christopher Loh က ပြောကြားသည်။


Visa ၏ မြန်မာနိုင်ငံ Country Manager ဖြစ်သော Mr.Arturo Planell က ''Visa လိုမျိုး Financial Product များကို ကျယ်ပြန့်စွာအသုံးပြုလာနိုင်ခြင်းကြောင့် UAB Customer များအတွက် ပြည်တွင်းရောပြည်ပပါ ယုံကြည်စိတ်ချစွာ ငွေပေးချေမှုများပြုလုပ်နိုင်ပါတယ်။ UAB Visa Credit ကိုင်ဆောင်သူများဟာ တစ်ကမ္ဘာလုံးရှိ သန်းပေါင်းများစွာသော Visa ကိုင်ဆောင်သူများကဲ့သို့ လုံခြုံစိတ်ချရမှု၊ အဆင်ပြေမှုနဲ့ ကမ္ဘာတစ်ဝန်းတွင် သုံးစွဲနိုင်မှုတို့ကို တန်းတူခံစားရရှိနိုင်မှာဖြစ်ပါတယ်'' ဟု ပြောကြားသည်။
UAB Visa Credit များကို ခရီးသွားရာတွင် ငွေပေးချေမှုများ၊ အွန်လိုင်း ငွေပေးချေမှုများ၊ ပစ္စည်းဝယ်ယူမှုနှင့် အခြားသော ငွေပေးချေမှုများပြုလုပ်ရန်အတွက် ထုတ်လုပ်ထားခြင်းဖြစ်ပါသည်။ ကတ်ကိုင် ဆောင်ထားသူများသည် သတ်မှတ်ထား သည့် ငွေကြေးပမာဏအတွင်း ကတ်ကိုဂရု ပြုသုံးစွဲရမည်ဖြစ်သော်လည်း အရေးပေါ် ငွေကြေးလိုအပ်မှုများနှင့် မျှော်လင့်မထား သည့် အကြောင်းတစ်စုံတစ်ရာအတွက် ငွေကြေးလိုအပ်မှုအစရှိသည်တို့အတွက် အလွန် အသုံးဝင်သော အရာတစ်ခုဖြစ်သည်။
UAB Visa Credit များအား ပြည်တွင်းရှိ Merchant ၇ဝဝဝ အပါ အဝင် နိုင်ငံပေါင်း ၂ဝ ကျော်ရှိ ၄၄ သန်း သော Merchant များတွင် ငွေကြေးကိုင် ဆောင်စရာမလိုဘဲ အလွယ်တကူငွေပေးချေ နိုင်မည်ဖြစ်သည်။
/ရွှေပြည်တန်/