MBA logo

CB Bank ၏ SME စင်တာဖွင့်ပွဲကျင်းပ

CB Bank ၏ SME စင်တာ (သီရိမွန်ပလာဇာဘဏ်ခွဲ) ဖွင့်ပွဲအခမ်းအနားကို စက်တင်ဘာလ ၁၅ ရက်၊ နံနက် ၉ နာရီက သီရိမွန်ပလာဇာတွင် ကျင်းပရာ CB Bank မိသားစုဝင်များနှင့် အခြားဖိတ်ကြားထားသောဧည့်သည်တော်များ တက်ရောက်ကြပြီး ဒေါ်သော်တာဇင် (Director, CB Bank)၊ ဒေါ်နီနီသန်း ညွှန်ကြားရေးမှူး ငွေတိုက် ဦးစီးဌာန (စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဌာန)၊ ဒေါ်ရီရီခိုင် ညွှန်ကြားရေးမှူး (အသေးစားနှင့်အလတ်စား စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုဌာန၊ စက်မှုဝန်ကြီးဌာန)၊ ဦးခင်မောင်ဝင်း အထွေထွေမန်နေဂျာ (မြန်မာ့ အာမခံလုပ်ငန်း)တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။


ထို့နောက် CB Bank ဦးဆောင် ညွှန်ကြားရေးမှူး ဒေါ်နော်အယ်ဖောက ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားပြီး စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဒေါ်နီနီသန်း၊ အသေးစားနှင့်အလတ်စားစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဌာန၊ စက်မှုဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဒေါ်ရီရီခိုင်၊ မြန်မာ့အာမခံလုပ်ငန်း အထွေထွေမန်နေဂျာ ဦးခင်မောင်ဝင်းနှင့် KfW Development Bank မှ Director Ms. Eva Schneider တို့က အမှာစကားအသီးသီး ပြောကြားသည်။ ဆက်လက်၍ တာဝန်ရှိသူများနှင့်ဧည့်သည်တော်များက SME စင်တာအတွင်း လှည့်လည်ကြည့်ရှုကြသည်။ CB Bank အနေဖြင့် အသေးစားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းရှင်များကို ပိုမိုလျင်မြန် လွယ်ကူစွာဝန်ဆောင်မှုပေးနိုင်ရန်နှင့် ၎င်းတို့၏စီးပွားရေးလုပ်ငန်းများကို ပိုမိုဖွံ့ဖြိုးတိုးတက်စေရေး ကူညီဆောင်ရွက်ပေးနိုင်ရန် ရည်ရွယ်၍ ယခု SME စင်တာကို ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း သတင်းရရှိသည်။
/ရွှေပြည်တန်/