MBA logo

မြန်မာအရှေ့တိုင်းဘဏ်လီမိတက်၏ လက်ထောက်မန်နေဂျာအရာရှိလောင်းသင်တန်း (၁/၂ဝ၁၇-၂ဝ၁၈) သင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပ

မြန်မာအရှေ့တိုင်းဘဏ်လီမိတက် လက်ထောက်မန်နေဂျာ အရာရှိလောင်းသင်တန်း (၁/၂ဝ၁၇-၂ဝ၁၈) သင်တန်း ဖွင့်ပွဲအခမ်းအနားကို စက်တင်ဘာလ ၁၈ ရက်၊ နံနက် ၉ နာရီတွင် စက်ရုံလမ်းရှိ မြန်မာအရှေ့တိုင်းဘဏ်၏ သင်တန်းဌာနတွင် ကျင်းပသည်။
ပြင်ပမှမဟာဘွဲ့ရသူများအား အလုပ်အကိုင်ဖန်တီးပေးနိုင်ရေးနှင့် မိမိဘဏ်၏ဝန်ထမ်းများထဲမှ အရည်အချင်းပြည့်မီသူ အမှုထမ်းများအား အရာရှိအဆင့်သို့ တိုးမြှင့်ပေးနိုင်ရေးဟူသော ရည်ရွယ်ချက်နှစ်ရပ်ဖြင့် ရေး၊ ဖြေစာမေးပွဲနှင့် လူတွေ့စစ်ဆေးခြင်းများပြုလုပ်၍ စိစစ်ရေးချယ်ခဲ့သည်။ ရွေးချယ်ခံရသူများအား ဘဏ်လုပ်ငန်း၌လည်း ကောင်း၊ စီမံခန့်ခွဲမှု၌လည်းကောင်း အရည်အချင်းမြှင့်တင်နိုင်ရန် Capacity Building အတွက် ယင်းသင်တန်းကို ဖွင့်လှစ်ရခြင်းဖြစ်သည်။


သင်တန်းဖွင့်ပွဲအခမ်းအနားသို့ မြန်မာအရှေ့တိုင်းဘဏ်၏ အကြီးတန်းအရာရှိများ၊ သင်တန်းသား၊ သင်တန်းသူများ စုံညီစွာ တက်ရောက်ခဲ့ကြပြီး အခမ်းအနားတွင် ဥက္ကဋ္ဌ ဒေါ်ကြည်ကြည်သန်းက အမှာစကားပြောကြားခဲ့သည်။
လက်ထောက်မန်နေဂျာသင်တန်းသို့ သင်တန်းသားဦးရေ ၂၄ ဦးတက်ရောက်ကြပြီး သင်တန်းကာလမှာ ၂ လခွဲကြာမြင့်မည်ဖြစ်သည်။ သင်တန်းတက်ရောက်ပြီးနောက် မြန်မာအရှေ့တိုင်းဘဏ်လီမိတက်၏ ဘဏ်ခွဲများတွင် On-Job-Training လုပ်ငန်းခွင်လေ့လာခြင်းကို လက်တွေ့ဆောင်ရွက်ရမည် ဖြစ်သည်။
/ရွှေပြည်တန်/