MBA logo

သမဝါယမဘဏ်လီမိတက် အခြေခံဘဏ် လုပ်ငန်းသင်တန်း အမှတ်စဉ်(၁၂၂+၁၂၃) ဖွင့်လှစ်

သမဝါယမဘဏ်လီမိတက် အခြေခံ ဘဏ်လုပ်ငန်းသင်တန်း အမှတ်စဉ် (၁၂၂+ ၁၂၃) သင်တန်းဖွင့်ပွဲအခမ်းအနားကို စက် တင်ဘာ ၁၃ ရက်၊ နံနက် ၉ နာရီခွဲက သင်္ဃန်းကျွန်းမြို့နယ်၊ ဦးဘဟန်လမ်းရှိ ဘဏ်သင်တန်းကျောင်းခန်းမတွင် ကျင်းပသည်။
အခမ်းအနားသို့ သမဝါယမဘဏ်လီမိတက် ဒုတိယဥက္ကဋ္ဌ(၂) ဦးသိန်းထွေး၊ ဒုတိယဥက္ကဋ္ဌ(၃) ဦးလှကြူ၊ ဦးဖေမြင့် (Advisor of Chairman) ၊ ဒေါ်ခင်ခင်ဝင်း (အကြံပေးပုဂ္ဂိုလ်)၊ ဒေါ်ခင်ခင်ဝင်း (DMD)၊ ဦးမြမောင် (GM) ၊ ဒေါ်သန်းသန်းဌေး (GM) ၊ ဒေါ်သီတာထွန်း (GM) ၊ ဒေါ်စိုးစိုး လွင် (DGM) တို့ တက်ရောက်ကြသည်။


အခမ်းအနားတွင် ဒုတိယဥက္ကဋ္ဌ(၂) ဦးသိန်းထွေးက သင်တန်းဖွင့် အမှာစကားပြောကြားသည်။ ဆက်လက်၍ သင်တန်းသား၊ သင်တန်းသူများက တစ်ဦးချင်းစီ မိတ်ဆက်စကားပြောကြားပြီး သင်တန်းဖွင့်ပွဲအခမ်းအနားကို နံနက် ၁ဝ နာရီခွဲတွင် ရုပ်သိမ်းလိုက်သည်။
သင်တန်းသို့ သင်တန်းသားဦးရေ ၁၂ဝ တက်ရောက်ကြပြီး သင်တန်းကာလမှာ စက်တင်ဘာ ၁၃ ရက်မှ အောက်တိုဘာ ၁၈ ရက်အထိဖြစ်ကြောင်း သတင်းရရှိသည်။
/ရွှေပြည်တန်/