MBA logo

ကမ္ဘောဇဘဏ်လီမိတက်၏ လုံခြုံရေးသင်တန်း အမှတ်စဉ်(၂၃/၂၀၁၅) သင်တန်းဆင်းပွဲကျင်းပ

ကမ္ဘောဇဘဏ်လီမိတက် လုံခြုံရေးသင်တန်းအမှတ်စဉ် (၂၃/၂၀၁၅) သင်တန်းဆင်းပွဲ အခမ်းအနားကို ဒီဇင်ဘာလ ၄ ရက် မွန်းလွဲ ၂ နာရီက ကမ္ဘောဇဘဏ်လီမိတက် ဘဏ်သင်တန်း ကျောင်း၌

ကျင်းပသည်။
အဆိုပါအခမ်းအနားသို့ ကမ္ဘောဇဘဏ်လီမိတက် သင်တန်းကျောင်းအုပ်ဆရာကြီး ဦးရဲထွန်းဦး၊ အထွေထွေထောက်ပံ့ရေး နှင့် ပြုပြင်ထိန်းသိမ်းရေးဌာနတာဝန်ခံ ဦးသန်းအောင်၊ လုံခြုံရေးဌာနစိတ် တာဝန်ခံ ဦးမြတ်ကိုကို နှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ သင်တန်းဆရာ၊ ဆရာမများ၊ ဘဏ်ခွဲအသီးသီးမှ လုံခြုံရေးသင်တန်းသားများ တက်ရောက်ကြသည်။
အဆိုပါသင်တန်းတွင် ကမ္ဘောဇဘဏ်လီမိတက် ဥက္ကဋ္ဌကြီးကိုယ်စား အထွေထွေထောက်ပံ့ရေး နှင့် ပြုပြင်ထိန်းသိမ်းရေးဌာနတာဝန်ခံ ဦးသန်းအောင်က သင်တန်းဆင်းသြ၀ါဒ စကားပြောကြားသည်။ ထို့နောက် လုံခြုံရေးဌာနစိတ် တာဝန်ခံ ဦးမြတ်ကိုကို သင်တန်းဆင်းအမှာစကားနှင့် လုပ်ငန်းတာဝန်များကို ရှင်းလင်းပြောကြားသည်။ ၎င်းနောက်သင်တန်းကျောက်အုပ်ကြီး ဦးရဲထွန်းဦး က တက်ရောက်လာသောလုံခြုံရေး သင်တန်းသားများကို သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့ပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။
ဤသင်တန်းသို့ ကမ္ဘောဘဏ်လီမိတက် ရုံးချုပ်နှင့် ဘဏ်ခွဲအသီးသီးမှ လုံခြံရေးသင်တန်းသား စုစုပေါင်း ၆၁ ယောက်တက်ရောက် သင်ကြားခဲ့ကြောင်း သတင်းရရှိသည်။