MBA logo

မြန်မာနိုင်ငံသားများဘဏ်လီမိတက် Yangon Stock Exchange(YSX) တွင် မှတ်ပုံတင်၍အစုရှယ်ယာများရောင်းချရန် အထူးအထွေထွေအစည်းအဝေးကျင်းပ

Yangon Stock Exchange(YSX) တွင် မှတ်ပုံတင်၍အစုရှယ်ယာများရောင်းချရန် အထူးအထွေထွေအစည်းအဝေးကို နိုဝင်ဘာလ ၂၅ ရက်၊ နံနက် ၁၀ နာရီက မြန်မာနိုင်ငံသားများဘဏ်(ကျောက်တံတားဘဏ်)အစည်းအဝေးခန်းမတွင် ကျင်းပရာ အုပ်ချုပ်မှုဒါရိုက်တာ ဦးမြင့်ဝင်းတက်ရောက်၍ နှုတ်ခွန်းဆက်စကားပြောကြားပြီး Yangon Stock Exchange(YSX) တွင်မှတ်ပုံတင်၍ အစုရှယ်ယာများရောင်းချရန် ဆောင်ရွက်မည့်လုပ်ငန်းအခြေအနေများကို တင်ပြသည်။ ထို့နောက် အစည်းအဝေးတက်ရောက်လာသူများက

အသီးသီးပြန်လည်ဆွေးနွေးတင်ပြကြပြီး တက်ရောက်လာသူများ၏ဆန္ဒသဘောထားရယူကာ အစည်းအဝေးကို နံနက် ၁၁ နာရီ ၁၅ မိနစ်တွင် ရုပ်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။