MBA logo

အင်္ဂလန်နိုင်ငံ လန်ဒန်အခြေစိုက် Financial Times ၏ “Bank of the Year in Myanmar 2015" ဆုကို မြန်မာနိုင်ငံမှ ကမ္ဘောဇဘဏ်လီမိတက်က တတိယအကြိမ်မြောက် ၃-နှစ်ဆက်တိုက်အဖြစ် လက်ခံရရှိ

အင်္ဂလန်နိုင်ငံ၊ လန်ဒန်အခြေစိုက် Financial Times မှ ကျင်းပပြုလုပ်သည့် ၂၀၁၅ ခုနှစ်အတွက် နိုင်ငံ အလိုက် အကောင်းဆုံးဘဏ်ဆု -The Banker Awards 2015 ဆုချီးမြှင့်ပွဲအခမ်းအနားကို ၂၀၁ ခုနှစ်၊ ဒီဇင်ဘာ လ (၂) ရက်နေ့၊ ဒေသစံတော်ချိန် ညနေ (၆) နာရီခွဲတွင် အင်္ဂလန်နိုင်ငံ၊ လန်ဒန်မြို့ရှိ Hilton London Bankside Hotel ၌ ကျင်းပပြုလုပ်ရာ ၂၀၁ ခုနှစ်အတွက် မြန်မာနိုင်ငံမှ ဘဏ်လုပ်ငန်းဆိုင်ရာစွမ်းဆောင်မအကောင်းဆုံး "Bank of the Year in Myanmar 2015"ဆုကို  မြန်မာနိုင်ငံမှ ကမ္ဘောဇဘဏ်လီမိတက်က

  တိယအကြိမ်မြောက် ၃-နှစ်ဆက်တိုက်အဖြစ်လက်ခံရရှိခဲ့ကြောင်းသိရသည်။ ယင်းသို့ ၂၀၁ ခုနှစ်အတွက် နိုင်ငံအလိုက် ဘဏ်လုပ်ငန်းဆိုင်ရာစွမ်းဆောင်မှု အကောင်းဆုံးဆုများကို အင်္ဂလန်နိုင်ငံမှ Lloyds Banking Group ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ICBC Bank ၊ တောင်ကိုးရီးယားနိုင်ငံမှ  KEN HANA Bank ၊ စင်္ကာပူနိုင်ငံမှ UOB Bank၊ ထိုင်းနိုင်ငံမှ Bangkok Bank ၊ ဂျပန်နိုင်ငံမှMitsubishi UFJ Financial Group အပါအဝင် နိုင်ငံပေါင်း (၁၅၂)နိုင်ငံ၏ သက်ဆိုင်ရာဘဏ်အဖွဲ့အစည်းအသီးသီးတို့ကလည်း ယင်းဆုကို လက်ခံရရှိခဲ့ကြသည်။

၎င်းဆုချီးမြှင့်ပွဲအခမ်းအနားသို့ ကမ္ဘာတစ်ဝှမ်းရှိ နိုင်ငံပေါင်း(၁၅၂)နိုင်ငံမှ ဘဏ်ဥက္ကဋ္ဌများ၊ CEO များ၊ အုပ်ချုပ်မှုဒါရိုက်တာများနှင့် အဆင့်မြင့်အရာရှိကြီးများနှင့်အတူ  မြန်မာနိုင်ငံမှ ကမ္ဘောဇဘဏ်လီမိတက် ဥက္ကဋ္ဌ ဦးအောင်ကိုဝင်း၊ အမဆောင်ဒါရိုက်တာ ဒေါ်နန်းခမ်းနောင့်၊ အကြီးတန်းအုပ်ချုပ်မှု ဒါရိုက်တာ ဦးညိုမြင့်၊ ဒုတိယ အုပ်ချုပ်မှုဒါရိုက်တာ ဦးဇော်လင်းအောင်နှင့် ကမ္ဘောဇဘဏ်လီမိတက်မှ အဆင့်မြင့်အရာရှိကြီးများ တက်ရောက် ခဲ့ကြပါသည်။  "Bank of the Year in Myanmar 2015" ဆုကို ကမ္ဘောဇဘဏ်လီမိတက် ဥက္ကဋ္ဌ ဦးအောင်ကိုဝင်း က တက်ရောက်လက်ခံခဲ့ကြောင်းသိရှိရသည်။

            Financial Times က ကြေငြာချက်ထုတ်ပြန်ရာ၌ နှစ်အလိုက် အကောင်းဆုံးဘဏ်ဆု (Bank of the Year in Myanmar 2015) ဆုကို ရွေးချယ်ချီးမြှင့်ရာတွင် ကမ္ဘာအရပ်ရပ်ရှိ ဘဏ်လုပ်ငန်းများအတွက် ရည်ရွယ်ကာ သီးခြားဖွဲ့စည်းထားသော The Banker မှ ကမ္ဘာတဝှမ်းလုံး၌ ၄င်းတို့ဖြန့်ကျက်ထားသော သတင်းထောက်များ၊ သတင်းဌာနများ၊ မီဒီယာများမှ ဘဏ်လုပ်ငန်းဆိုင်ရာ သတင်းအချက်အလက်များကို စုစည်းလျက် သတ်မှတ် ထားသော စံချိန်စံညွှန်းများပေါ် အခြေခံ၍ ၂၀၁၅-ခုနှစ် စွမ်းဆောင်ရည်အကောင်းဆုံးဘဏ်ကို ရွေးချယ်ဂုဏ်ပြု ချီးမြှင့်ခဲ့ခြင်းဖြစ်ကြောင်း၊ ကမ္ဘောဇဘဏ်ကို ရွေးချယ်ချီးမြှင့်ရခြင်းနှင့်စပ်လျဉ်း၍ ကမ္ဘောဇဘဏ်လီမိတက်၏ ဘဏ် လုပ်ငန်းဆိုင်ရာများ၊ ၀န်ဆောင်မှုများ ပိုမိုကောင်းမွန်အောင် ဆောင်ရွက်နိုင်မှု၊ ဘဏ်ခွဲများနှင့် ATM စက်များ နိုင်ငံအတွင်း နေရာဒေသအနှံ့ အပြား၌ တိုးချဲ့ဖွင့်လှစ်နိုင်မှု၊ ဈးကွက်တိုးတက်ပိုင်ဆိုင်မှု၊ စီးပွားရေးလုပ်ငန်း များအတွက် ငွေကြေးအများဆုံး ပိုမိုထုတ်ချေးနိုင်မှု၊ ဝင်ငွေနှင့်အမြတ်ငွေ ပိုမိုတိုးတက်ရရှိမှု၊ဝန်ထမ်းများ လေ့ကျင့်ပျိုးထောင်မှုနှင့် စီမံအုပ်ချုပ်မှုစွမ်းရည် မြင့်တက်ကောင်းမွနှ်ု၊ ခေတ်မှီဘဏ်လုပ်ငန်းဆိုင်ရာ နည်းပညာ များနှင့် ဝန်ဆောင်မှုများ ပိုမိုကောင်းမွန်အောင်ဆောင်ရွက်နိုင်မှု၊ နိုင်ငံတကာဘဏ်များနှင့် ချိတ်ဆက်ဆောင်ရွက် နိုင်မှု၊ နိုင်ငံတော်အတွက် အခွန်ဘဏ္ဍာငွေ တစ်နိုင်ငံလုံးတွင် ပထမနေရာမှ (၄)နှစ်ဆက်   အများဆုံးသယ်ပိုးထမ်း ဆောင်နိုင်ခြင်းစသည်တို့ကို အခြေခံ၍ စိစစ်ရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

ကမ္ဘောဇဘဏ်လီမိတက်သည် ၂၀၁၃ နှင့် ၂၀၁၄ ခုနှစ်များကလည်း Financial Times မှပေးအပ်သည့် Bank of the Year in Myanmar ဆုများကိုရရှိခဲ့ပြီး ယခုနှစ်အတွက် ထပ်မံ၍ ရွေးချယ်ခံရသည့်အတွက် ဤဆုကို ()နှစ်ဆက် ရရှိခြင်းဖြစ်ကြောင်း သိရှိရပြီး ကမ္ဘာလုံးဆိုင်ရာ စွမ်းဆောင်ရည်အကောင်းဆုံး Global Award ဆုကို အမေရိကန်နိုင်ငံ Wells Fargo Bank မှ ရရှိခဲ့ကြောင်း သိရှိရသည်။