MBA logo

သဘာဝဘေးသင့်ခဲ့သည့် ကယားပြည်နယ် မော်ချီးဒေသတွင် BFM မှ အသစ်တည်ဆောက်ခဲ့သည့် အနာဂတ်အလင်းတန်းကျေးရွာ ဖွင့်ပွဲကျင်းပ


(၆.ဇွန်.၂၀၁၆)

၂၀၁၅ ခုနှစ်အတွင်း ကယားပြည်နယ် မော်ချီးဒေသတွင် မြေပြိုမှုများကြောင့် သဘာဝဘေးသင့်ခဲ့သည့် ဒေသခံတိုင်းရင်းသားများ နေထိုင်ရန်အတွက် BFM မှ ရွာအသစ်တည်ဆောက်လှူဒါန်းခဲ့ရာ ဇွန်လ (၆) ရက် ယနေ့မွန်းလွဲပိုင်းက ကျေးရွာအသစ် တည်ဆောက်ပြီးစီးခြင်းအထိမ်းအမှတ်နှင့် ကျေးရွာဖွင့်ပွဲကို ကျင်းပခဲ့သည်။ BFM မှ အသစ်ပြန်လည်တည်ဆောက်ပေးခဲ့သော ကျေးရွာကို ဒေသခံပြည်သူများက အနာဂတ်အလင်းတန်းရွာဟု အမည်ပေးခဲ့ကြောင်း သိရသည်။

 

ကျေးရွာသစ်တည်ဆောက်ပြီစီးသည့် အထိမ်းအမှတ်အခမ်းအနားတွင် BFM ၏ တာဝန်ရှိသူများမှ ဖွင့်လှစ်ပေးခဲ့ပြီး ကျေးရွာပတ်ဝန်းကျင် စိမ်းလန်းစိုပြေစေရေးအတွက် သစ်ပင်များ စိုက်ပျိုးခဲ့ကြသည်။ BFM မှ ကယားပြည်နယ်အစိုးရအဖွဲ့နှင့် ပူးပေါင်း၍ အဆိုပါကျေးရွာတွင် နေအိမ်အလုံး(၆၀)၊ စာသင်ကျောင်းဆောင်(၁) ဆောင်၊ စာကြည့်တိုက်(၁)လုံး၊ ရေသိုလှောင်ရန် ရေဂါလံ(၅၀၀၀)ဆံ့တစ်လုံး၊ ဂါလံ(၃၀၀၀)ဆံ့ နှစ်လုံးနှင့် နေအိမ်များအရောက် ရေပိုက်သွယ်တန်းပေးခြင်း၊ လျှပ်စစ်မီးအတွက် 100/KVA Transformer တစ်လုံး၊ အိမ်သုံးမီတာ (၆၂)လုံးနှင့် ရွာအတွင်း မြေသားလမ်းများ ဖောက်လုပ်ခြင်းတို့ကို ဆောင်ရွက်ပေးခဲ့သည်။

BFM သည် ၂၀၀၇ ခုနှစ်မှ စတင်ကာ ဘာသာရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး၊ ဒေသဖွံ့ဖြိုးတိုးတက်ရေး၊ သဘာဝဘေးအန္တရာယ်အမျိုးမျိုး၊ အခြားပရဟိတ လုပ်ငန်းများ၊ မြန်မာနိုင်ငံအနှံ့အပြား၌ ၂၀၁၅ ခုနှစ်အတွင်း ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့သော ကောလင်း၊ ၀န်းသို၊ ကလေး၊ ဟားခါး၊ စေတုတ္တရာ၊ ပွင့်ဖြူ၊ စကု၊ ရခိုင် နှင့် မော်ချီးမြို့များ၏ ရေကြီးရေလျှံတောင်ပြိုမှု ဖြစ်စဉ်များနှင့် Water Supply Project စီမံကိန်းတို့အတွက် စုစုပေါင်းငွေကျပ် (၁၀၀) ဘီလီယံကျော် လှူဒါန်း အသုံးပြုခဲ့ပါသည်။ ၂၀၁၄ ခုနှစ်မှစ၍ ယခုအချိန်ထိ မြန်မာပြည် အနှံ့အပြားတွင် တူးဖော်အောင်မြင်ခဲ့သော အ၀ီစိစက်ရေတွင်းပေါင်း (၇၇)တွင်း၊ ရေလှောင် ကန်ပေါင်း(၉၈)ကန်ကို လည်းကောင်း၊ ရေရှားပါးအခက်ခဲဖြစ်ရာ နေရာများတွင် ဒေသခံပရဟိတအဖွဲ့များနှင့် ပူးပေါင်း၍ ရေသယ်ယာဉ်(၄၃)စီးဖြင့် ရေဖြန့်ဝေပေး နိုင်ရန် စီစဉ်ဆောင်ရွက်ခဲ့ပြီး ရှမ်း၊ ဓနု၊ တောင်ရိုး၊ ပအို့၊ လီစူး၊ အခါ၊ ယင်း၊ ပဒေါင်၊ ကယား၊ ကရင်၊ ဗမာ စသည့် ဒေသခံတိုင်းရင်းသားများ၊ ဘုန်းတော်ကြီးကျောင်း (၆၀)ကျော်၊ စာသင်ကျောင်း(၄၉)ကျောင်း၊ ဆေးရုံ(၁၁)ရုံနှင့် မီးသတ် ဌာန(၁၂)ခုတို့အတွက် လုံလောက်သော သောက်သုံးရေများ ပံ့ပိုးပေးနိုင်ခဲ့ကြောင်း သိရှိရသည်။
#‎KBZBank #‎KBZBrighterFutureMyanmarFoundation